ဗန်းမောက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဒုဦးစီးမျိုးမြင့်နိုင်ဦးစီးသောအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ မံနာကျေးရွာအရှေ့တောင်ဘက်(၁)မိုင်တွင် တရားမဝင် ကျွန်းသစ်(၁၂)လုံး(၅.၀၀၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 30, 2020 - 15:30