ကျွန်းစုမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၁-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ စလွန်အော်ငယ်ကျေးရွာရေဆိပ်နှင့် ဘုန်းကြီးကျောင်းအနီးတို့မှ တရားမဝင် ကျွဲသွေး/ယေမနေ/လေသရက်/သစ်ဝါ/သရဖီ/တောင်ပရုန်း/ချေး/သင်ပုန်း ထိုင်/ကညင်/တောဒူး ရင်း/သပိတ်/ကံ့ကော်/သပြေသစ်(၆၆)လုံး (၂၄.၆၀၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 31, 2020 - 14:15