ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်းတွင် မော်တော်ယာဉ်(၃)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၉၈/၀)အနီးနေရာ၌ မော်တော်ယာဉ်(၃)စီး ပေါ်မှ တရားမဝင်အင်ခွဲသား(၁၁၃၀)ချောင်း(၂၄.၆၄၆၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 31, 2020 - 14:15