ရမည်းသင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၁-၂၀၂၀ ရက်နေ့မှ ၂၅-၁-၂၀၂၀ ရက်နေ့အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့၊ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ မြင်းနားကျေးရွာ၊ သဲချောင်းကျေးရွာ၊ ပျဉ်ပြားကျေးရွာအနီးဝန်းကျင်နှင့် ကျီးနီကန်ကြိုးပြင်ကာကွယ်တော၊ ဝါးဖြူတောင်အုပ်စု၊ ချောင်းဖျားကျေးရွာအနီးဝန်းကျင်၊ ထုံးကြီးအပတောတို့အတွင်းနေရာများ၌ တရားမဝင်သစ်ယား/စကားဝါ/ သစ်အယ်/ကညင်သစ်/ခြမ်း/ခွဲသား စုစုပေါင်း(၉၁၂)လုံး/ခြမ်း/ချောင်း (၂၂၅.၆၅၈)တန်၊ အင်ဂျင်(၆)လုံး၊ မော်တော်ယာဉ်(၂)စီး၊ လက်စွဲမီးစက်(၁)လုံး၊ လွှဝိုင်း(၅)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 31, 2020 - 14:15