မှော်ဘီမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၁-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း စမ်းချောင်းပေါက်(ရှေ့)ရွာ အ.ထ.က(၂)ကျောင်းအနီးတွင် မော်တော်ယာဉ်အမှတ် (YGN 9P/7961) Nissan Diesel UD (၆)ဘီး (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ခွဲ/ခြမ်း(၄၈)ချောင်း/ခြမ်း(၇.၂၂၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 31, 2020 - 14:15