ကြို့ပင်ကောက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ကြိုးဝိုင်းအကွက်အမှတ် (၂၂၊ ၂၃) နေရာများမှ တရားမဝင် ပျဉ်းကတိုး/ဇင်ပြွန်း/မျောက်ငို/လယ်ဇ/နဘဲ/ဘင်္ဂသစ်/ခြမ်း (၃၅)လုံး/ခြမ်း (၁၃.၁၆၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 25, 2020 - 10:45