ရေတာရှည်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၂-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက် ညွှန်ကြားရေမှူး ဦးဆောင်သောဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၇၅)သံချပ်ကာတပ်ရင်းမှ ဗိုလ်ကြီး ကျော်သူဖြိုး ဦးဆောင်သော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျောက်မဆင် ကြိုးဝိုင်း ၊ လုံးရမ်းကြိုးဝိုင်း နှင့် ရိုးမကြိုးပြင်ကာကွယ်တောအတွင်းနေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား(၄၉၂)ချောင်း (၅၈.၈၆၆၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, March 4, 2020 - 10:00