နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၅၁.၃၄၄၂)တန်၊ သစ်မာ(၁၆၄.၄၄၉၅)တန်၊ အခြား (၃၂၇.၄၃၃၃)တန်၊ စုစုပေါင်း(၇၄၃.၂၂၇၀)တန်၊ တရားခံ(၅၁)ဦး၊ ယာဉ်/ယန္တရား(၄၈)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျောက်မဆင်-၂ဘိနယ်၊ ရိုးမကြိုးပြင်ကာကွယ်တော အတွင်းမှ တရားမဝင် ပျဉ်းကတိုး/ကျွန်း သစ်လုံး/ခွဲသား/လုံးပတ်သုံးပေအောက်သစ် (၂၂၀)လုံး/ ချောင်း (၃၈.၆၄၇၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, March 5, 2020 - 11:15