ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခရိုင်(၃)ခရိုင်တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်းအကွက်အမှတ်(၆၄၊ ၆၅)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာခွဲသား (၂၂၉)ချောင်း (၁၄.၄၈၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 5, 2020 - 15:45