ဗန်းမော်မြို့နယ်၊ မိုင်းဟိန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဗန်းမော်မြို့နယ်၊ မိုင်းဟိန်းကြိုးဝိုင်းအကွက်အမှတ်(၂၇) အတွင်း တရားမဝင်ကျွန်းသစ်(၁၀၂)လုံး (၁၅.၀၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, March 5, 2020 - 15:45