တောင်ငူမြို့နယ်၊ ရေကြည်မြောက်ကွင်းတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ငူမြို့နယ်၊ ရေကြည်မြောက်ကွင်း၊ လယ်ကွက်အတွင်း တရားမဝင်ပျဉ်းကတိုးခွဲသား (၆၅)ချောင်း (၆.၁၁၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 5, 2020 - 15:45