နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၉.၄၈၃၄)တန်၊ သစ်မာ(၉၈.၉၄၂၄)တန်၊ အခြား (၁၂၇.၆၈၄၆)တန်၊ စုစုပေါင်း(၃၄၆.၁၁၀၄)တန်၊ တရားခံ(၃၆)ဦး၊ ယာဉ်/ယန္တရား(၃၅)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အဝေရာကျေးရွာအနောက်ဘက် လယ်ကွင်းစပ်နေရာမှ တရားမဝင် ပျဉ်းကတိုး/ကျွန်း ခွဲသား(၃၅၆)ချောင်း (၁၈.၉၆၇၂)တန်၊ ယာဉ်(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, March 12, 2020 - 13:15