ကန့်ဘလူမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာအတွင်း၊ ဧရာဝတီမြစ်ကမ်းဘေး၊ တန်ငါလန်ဆိပ်ကမ်း မလယ်ရွာ ဦးမောင်ထွန်း (ဘ)ဦးကျော်စိန်နေအိမ်ဝင်းအတွင်းမှ မော်တော်ယာဉ်အမှတ်မပါ (JP/185)(၆)လုံးထိုးအင်ဂျင်တပ်ဆင်ထားသော HINO ခေါင်းရှည်(ခေါင်းစိမ်း/ဘော်ဒီပြာ) ယာဉ်ပေါ်မှ တရားမဝင် အင်ကြင်း/ပျဉ်းကတိုး/အင်/လုံးပတ်၃ပေအောက်အင် သစ်/ခြမ်း/ခွဲသား (၅၄၃)လုံး/ချောင်း/ ခြမ်း (၂၈.၄၈၁၂)တန်၊ တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 12, 2020 - 14:15