နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၃၃)စီး ဖမ်းဆီးရမိ

၁၉-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ရတစကခ(၇)မှ ဗိုလ်မှူးကျော်ထွေး ဦးစီးသော ရှေ့တန်းစစ်ကြောင်းမှ တပ်မတော်သားများသည် နမ့်ခမ်းမြို့နယ်၊ နောင်ချိန်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ(၈၀၀)ခန့်နေရာ၌ မော်တော်ယာဉ်(၃၃)စီးအားဖမ်းဆီးရမိခဲ့ပြီး ၁၄-၃-၂၀၂၀ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, March 18, 2020 - 10:15