မင်းကင်းမြို့နယ်၊ တဲကြီးကျေးရွာအတွင်း တာယာဘီးတပ်လှည်း(၅)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တဲကြီးကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား(၃၆၄)ချောင်း (၅၅.၈၃၄၄) တန်အား တာယာဘီးတပ်လှည်း(၅)စီးနှင့်အတူ တရားခံ(ခြံဝန်းပိုင်ရှင်)(၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, March 18, 2020 - 10:15