မြိတ်မြို့နယ်၊ ကလွင်မီးပြအနောက်မြောက်ရေပြင်တွင် ဒီရေတောမျောများ၊ မီးသွေးများနှင့် စက်လှေ(၁)စီးဖမ်းဆီးရမိ

၉-၃-၂၀၂၀ ရက်နေ့တွင် ကတယ(၄၀၃)မှ ဗိုလ်မှူး စိုးနိုင်ဝင်းဦးစီးသော တပ်မတော်သားများအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကလွင်မီးပြအနောက်မြောက်ရေပြင်တွင် ဒီရေတောမျော (ဗြူးအုပ်ဆောင်း)(၂၂၀၀)လုံး၊ ဒီရေတောမျော(ဗြူးခြေထောက်)(၁၁၈၅)လုံး၊ ဒီရေတောမျော(ငှက်)(၁၃၀၀)လုံး၊ ဒီရေတောမျောစုစုပေါင်း(၄၆၈၅)လုံးနှင့် ပေါင်(၃၀)ဝင်မီးသွေး(၁၈၂၇)အိတ်၊ ပေါင်(၆၀)ဝင်မီးသွေး(၅၃၃)အိတ် စုစုပေါင်း(၃၀၈.၅၈၆)ကုဗတန်တို့အား တရားခံ(၁၀)ဦးနှင့်အတူ ပိုင်ဖြိုးအမည်ရှိစက်လှေ(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၇-၃-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် တရားခံများ အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 20, 2020 - 12:30