ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းချောင်းအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်၊ ရွာမကျေးရွာအရှေ့မြောက် ဘက်၊ ပေါင်းလောင်းချောင်းအနီးတွင် တရားမဝင်ကညင်ခွဲသား (၁၂၆)ချောင်း (၅.၀၃၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 24, 2020 - 13:00