တောင်ငူမြို့နယ်၊ ဝသာကျေးရွာအနီး၊ ဆီပုတ်ခုံနေရာတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဝသာကျေးရွာအနီး၊ ဆီပုတ်ခုံနေရာတွင် တရားမဝင် ပျဉ်းကတိုးသစ်(၉)လုံး (၅.၇၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 30, 2020 - 12:45