ဂွမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၃-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဂွမြို့နယ်၊ ငါးခုံးမချောင်းအနီး/ သံကတ္တချောင်းဘေး/ ငထွေးချောင်းဘေး/ ငထွေးကျောက်ပုံချောင်းနေရာများမှ တရားမဝင် တောင်သရက်/ ကညင်ခွဲသား (၁၆၁)ချောင်း (၂၃.၂၇၅၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 30, 2020 - 12:45