ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းဘေးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၃-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၂၅၃/၇) အနောက်ဘက်(၃)မိုင်ခန့်အကွာ ကျွဲတံခါးကြိုးဝိုင်းအကွက်အမှတ်(၈)အတွင်း တရားမဝင်နဘဲ/ဒဟတ်/ စစ်/သန်း/ရုံး/လုံးပတ်၃ပေအောက်သန်း/ဒဟတ်/ရုံးသစ်/ခွဲသား (၉၇)လုံး/ချောင်း(၆.၃၄၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 30, 2020 - 12:45