အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ အကွက်(၄၁၅၊ N3)၊ သုခလမ်း/၅လမ်းပေါ်တွင် မော်တော်ယာဉ်အမှတ်(၁က/၈၁၇)နှင့် (၄ခ/၄၀၉၁)ယာဉ်အမှတ်(၂)ခုတပ်ဆင်ထားသောGMC (စိမ်း/ပြာ ရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား(၃၂၆)ချောင်း (၈.၂၇၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 1, 2020 - 10:45