ထီးချိုင့်မြို့နယ်၊ ခြောက်မျက်နှာရွာအနီးတွင် တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

၂၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ခြောက်မျက်နှာရွာ အနောက်ဘက် ယာခင်းစပ်၊ ခြောက်မျက်နှာရွာ တောင်ဘက်(၄)ဖာလုံခန့်အကွာ၊ အရှေ့မြောက်ဘက် (၂)ဖာလုံခန့်အကွာတို့မှ တရားမဝင် ကညင်/ထောက်ကြံ့/ကြက်တောစာ/သပြေ/အိပ်ငွေ့/အင်ကြင်း/သပြေ၊ လုံးပတ် ၃ပေအောက် ကညင်သစ်/ခွဲသား/ခြမ်း(၇၅)လုံး/ချောင်း (၂၇.၅၈၀၄)တန်၊ အင်ဂျင်(ပျက်)(၁)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 1, 2020 - 11:15