ပဲခူးမြို့နယ်၊ ကိုယ်တူကွဲဆည်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ကိုယ်တူကွဲဆည်အတွင်း ဖျံချောင်းဖျားမှ တရားမဝင် ကျွန်းခွဲသား(၂၉၃)ချောင်း (၃၂.၇၃၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 1, 2020 - 11:30