မင်းလှမြို့နယ်၊ ကုလားကုန်းကျေးရွာအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းလှမြို့နယ်၊ ကုလားကုန်းကျေးရွာ အရှေ့တောင်(၃)ဖာလုံခန့်အကွာမှ တရားမဝင် ပျဉ်းကတိုး/သဒီ/သပြေ/တောင်သရက်/ဇောင်းပုလွေးသစ်(၁၄)လုံး (၇.၄၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 1, 2020 - 11:30