ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးခင်ဖုန်း ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်း အကွက်အမှတ်(၄၅၊ ၄၆၊ ၆၁၊ ၇၉)အတွင်းမှ တရားမဝင် ကျွန်းခွဲသား(၃၅၂)ချောင်း (၄၀.၆၂၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 1, 2020 - 13:15