ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်-၂ ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းအနီးမှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၃၁)ချောင်း (၁၆.၁၉၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 1, 2020 - 13:15