ဝိုင်းမော်မြို့နယ်၊ ဆင်နီခူးကျေးရွာအနီး တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၁)မှ ဒုဗိုလ်မှူးကြီးနှင့်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လဝကအဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ဆင်နီခူးကျေးရွာ၏ မြောက်ဘက်(၃)မိုင်ခန့်အကွာမှ တရားမဝင် လောက်ယား/ ကညင်/ ခလောင်/ မအူ/ သစ်ဖြူ/ တောင်တမာ/ ကြေးလံသစ်(၄၆)လုံး (၂၁.၆၂၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00