တိုက်ကြီးမြို့နယ်၊ ဥက္ကံကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ ဥက္ကံကြိုးဝိုင်း အကွက်အမှတ်(၇၇၊ ၉၂)နေရာတို့မှ တရားမဝင် ကျွန်းခွဲသား/ကျွန်းဗုံတို၊ပျဉ်းကတိုး/မျောက်ချော/ထောက်ကြန့်/ဇင်ပြွန်း/ရုံး/မှိုက်/သဒီ/လိန် သစ်လုံး/ခွဲသား (၂၂၀)လုံး/ချောင်း (၃၀.၃၇၁၈)တန်၊ အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00