ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၃/၅)အနီးတွင် ယာဉ်(၃)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၃/၅) အရှေ့ဘက်၊ ကသဲအင်းဘုန်းကြီးကျောင်းအဝင်လမ်းဘေး ယာဉ်အမှတ်၊ BGO 8F/1560(Nissan UD၊ ၁၀ ဘီး၊ ဖြူပြာကြားရောင်)၊ KYH 8E/8852(Nissan UD၊ ၁၀ ဘီး၊ ဖြူနီကြားရောင်)နှင့် BGO 2C/5849(Nissan UD၊ ၁၀ ဘီး၊ ခဲရောင်)တို့ပေါ်မှ တရားမဝင် ပျဉ်းကတိုး/တောင်သရက်/သပြေခွဲသား(၁၂၅)ချောင်း (၁၆.၆၀၀၆)တန်၊ ပေါင်(၉၀)ဝင်မီးသွေး(၄၃၃)အိတ် (၁၃၈.၅၆)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00