သပိတ်ကျင်းမြို့နယ်၊ ပေါ်တော်မူကျေးရွာနှင့် ဆင်ညှပ်ကုန်းရွာတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ပေါ်တော်မူကျေးရွာ၏ အရှေ့တောင်ဘက် (၁)မိုင်ခန့်အကွာနှင့် ဆင်ညှပ်ကုန်းရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတို့မှ တရားမဝင် ကျွန်း/အင်ကြင်း/ပျဉ်းကတိုးသစ်(၂၂)လုံး (၆.၇၅၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00