ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအနီး တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်ရုံး၊ သာစည်/ ရမည်းသင်း/ ကျောက်ဆည်/ တံတားဦး/ ဝမ်းတွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာ၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ တောင်ပချုပ်တောင်အနီးမှ တရားမဝင် သစ်ယား/ဒီဒူး/ကညင် သစ်/ခွဲသား (၂၀)လုံး/ချောင်း (၈.၂၉၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 09:45