ပေါက်ခေါင်းမြို့နယ်၊ မြေနတ်တောင်ကျေးရွာအနီးတွင် တရားမဝင်သစ်စက်(၁)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ လေသာတောင်ကြီးအုပ်စု၊ မြေနတ်တောင်ကျေးရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင် Jieneng တရုတ်နီအင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်းခွဲသား (၂၉)ချောင်း (၅.၁၇၃၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00