စဉ့်ကူးမြို့နယ်အတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၆၂)အတွင်းနှင့် ပြည့်ပုံရွာမြောက်ဘက်(၄)ဖာလုံခန့်အကွာနေရာတို့၌ တရားမဝင် Changchai (25HP) အင်ဂျင်(၁)လုံး သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/အင်/ကညင်သစ်/ခွဲသား (၈၀)လုံး/ချောင်း (၁၃.၂၃၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00