မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတွင် ယာဉ်/သုံးဘီးဆိုင်ကယ်/ဆိုင်ကယ်/စက်ဘီး(၇)စီးနှင့် တရားမဝင်သစ်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ အနောက်ဘက်၊ လက်ယက်မ- ကျောက်တောရွာချင်းဆက်လမ်းဘေးနေရာ၌ ယာဉ်အမှတ်၊ MDY 4L/9935(Honda အဖြူရောင်)ယာဉ်(၁)စီး၊ ဆိုင်ကယ်(နံပါတ်မပါ)ရုပ်ဆိုး Kenbo 125(၁)စီး၊ CZI Kenbo 125(၁)စီး၊ Hensim110(၁)စီး၊ ၁၂ယ/၉၉၀၉၂ JIALING Super Cup(၁)စီး၊ Hero Royalစက်ဘီး(၁)စီး၊ DAYANG သုံးဘီးဆိုင်ကယ်(၁)စီးတို့ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/ယင်းမာ/ကုက္ကို/ လင်းရှောခွဲသား(၁၄၈)ချောင်း (၈.၇၅၃၀)တန်၊ ဟန်းဖုန်း(၃)လုံး၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 11:30