မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)၊ မိုင်းသာကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာတာဝန်ခံတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)၊ မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၄၃)နေရာ၌ တရားမဝင် ကျွန်းသစ်/လုံးပတ် ၃ပေအောက် ကျွန်းသစ်(၈၁)လုံး (၉.၇၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 11:30