မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း (၂)ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

၃-၄-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒကစ(လွိုင်ကော်)မှတပ်ဖွဲ့ဝင်များ၊ ခလရ(၁၃၄၊ ၁၃၅)မှတပ်ဖွဲ့ဝင်များ၊ ခမရ(၄၂၉)မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ထွေအုပ်ရုံးမှအဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း (၂)ကြိုးပြင်ကာကွယ်တောနေရာ၌ တရားမဝင် ကျွန်း/ပိတောက်သစ်/ခွဲသား(၁၅၄၈၁)လုံး/ချောင်း (၄၃၁.၅၄၈၄)တန်၊ သစ်ဖြတ်စက်(၃)စုံနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 11:30