အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း(၄၇)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများအဖွဲ့သည် အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း(၄၇)အတွင်း တရားမဝင် ကျွန်းသစ်(၂၄)လုံး (၈.၅၈၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 11:45