ပြင်ဦးလွင်မြို့နယ်၊ ဗြုန်းတောင်အနီးဝန်းကျင်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၄-၂၀၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျားတွင်းရေကျေးရွာ ဆယ်အိမ်မှူး တို့ပါဝင်သောအဖွဲ့သည် ဒေသအခေါ် ဗြုန်းတောင်အနီးနေရာမှ တရားမဝင် ကျွန်းသစ်/ လက်ပံသစ်/နှောသစ်/နဘဲသစ်/ဖန်ခါးသစ်/ဘင်္ဂသစ် စုစုပေါင်း (၁၉)လုံး (၃•၅၀၈)တန်အား ဖမ်းဆီး ရမိခဲ့သဖြင့် လုံခြုံရာ ပုန်ကုန်းဘိနယ်စခန်းသို့ သယ်ယူသိမ်းဆည်းပြီးဖြစ်ပါသည်။

date: 
Tuesday, April 21, 2020 - 11:00