တန့်ဆည်မြို့နယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောက်ရွက်

၉-၄-၂၀၂၀ရက်နေ့တွင် ရွှေဘိုခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်မှ သစ်တောရဲအပါအဝင် ဝန်ထမ်းအင်အား၃၀ခန့်သည် တန့်ဆည်မြို့နယ်အတွင်းရှိပကာရွာ၊ အိုက်မရွာ၊ ခေါင်ယာရွာအတွင်းနှင့်ရွာမုံတောင်ကြိုးပြင်ကာကွယ်တော၊ပေါင်ကတောင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၆ဘီးကား၂စီး၊ တုန်ဖုန်းကား၂စီး၊ သစ်စက် ၃ လုံးနှင့်သစ်မျိုးစုံတန်၄၀ခန့်ဖမ်းဆီးမိပြီးပိုင်ရှင်များအားဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15