ပုဗ္ဗသီရိမြို့နယ်၊ ဇဝနသစ်စက်ဝန်း၊ အောင်သာယာရပ်ကွက်အတွင်းမှ တရားမဝင် သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၉-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်း များပါဝင်သောအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဇဝနသစ်စက်ဝန်း၊ အောင်သာယာရပ်ကွက်အတွင်းမှ ကျွန်းခွဲသား (၅၉)ချောင်း (၈.၀၀၈၄)တန်နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15