ဆိပ်ဖြူမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အရ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊မိုင်တိုင်အမှတ် (၃၃/၄)နှင့် (၃၃/၅)၊ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၃၁၃/၄)အနီး နေရာတို့၌ တရားမဝင်သန်း/ရုံး/ဒဟက်/ချဉ်ယုတ်/ဘုံမဲဇာ/လိန်၊ဖက်သန်း၊ကုက္ကိုသစ်/ခွဲသား(၂၂)လုံး/ချောင်း(၂.၈၃၅၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15