မင်းဘူးမြို့နယ်၊ ကျွဲသိုးမြှောင်ကျေးရွာအနီးတွင် တရားမဝင် ပန်းစုံထင်းများဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့်သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မင်းဘူးမြို့နယ်၊ ကျွဲသိုးမြှောင်ကျေးရွာ၏တောင်ဘက် (၁)ဖာလုံခန့်အကွာ၊ မင်းဘူး- မင်းလှကားလမ်း အရှေ့ဘက် အုတ်ဖိုဝန်းအတွင်းမှ တရားမဝင် ပန်းစုံထင်း (၄.၇၁၂၄)တန်နှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:30