မတ္တရာမြို့နယ်အတွင်း တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်

၁၀-၄-၂၀၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်သစ်တောဦးဦးစီးဌာနမှဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်း(၅)ဦးနှင့် မွေပုံကန်ကျေးရွာ ရာအိမ်မှူးပါဝင်သောပူးပေါင်းအဖွဲ့သည်မတ္တရာမြို့နယ်၊ ကောက်ရိုးပုံဘိနယ်၊စကျင်- မွေပုံကန်ကျေးရွာချင်းဆက်လမ်း၏အရှေ့ဘက်လမ်း (၃)ဖာလုံခန့်အကွာနေရာမှတရားမဝင်အင်သစ်(၆)( လုံး/ ချောင်း)(၂.၃၅၉)တန်အားလည်းကောင်း၊ မြစ်ကမ်းကျေးရွာ အနောက်တောင်ဘက်(၁)မိုင်ခန့်အကွာနေရာမှတရားမဝင်အင်သစ်လုံး(၆) လုံး(၂.၂၃၀)တန်အားလည်းကောင်း၊ အင်ကြင်းမြိုင်ကျေးရွာ၏အနောက်ဘက်(၇)ဖာလုံခန့်အကွာနေရာမှတရားမဝင်အင်သစ်လုံး(၉) လုံး(၂.၇၉၈)တန်အားလည်းကောင်း၊ စုစုပေါင်း ရားမဝင်အင်သစ်(၂၁) လုံး/ ချောင်း (၇.၃၈၇) တန်အားဖမ်းဆီးရမိခဲ့ပြီး ဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:30