မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ကျောက်တံတားကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄၃)ချောင်း(၀.၈၃၆၀)တန်နှင့်အတူ တရားခံ (၁)ဦး အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါ သည်။

date: 
Tuesday, April 21, 2020 - 11:30