ရမည်းသင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအနီးပတ်ဝန်းကျင်နေရာများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရမည်း သင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအနီးပတ်ဝန်းကျင်နေရာများမှ တရားမဝင် စံကားဝါ/သစ်အယ်သစ်/ခွဲခြမ်း (၁၁)လုံး/ခြမ်း(၃.၇၅၆၀))တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:30