စေတုတ္တရာမြို့နယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်

၁၀-၄-၂၀၂၀ ရက် (၁၀:၁၅)နာရီ သစ်တောဦးစီးဌာန၊ မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ စေတုတ္တရာမြို့နယ်၊ ဦးစီးအရာရှိပါ (၈)ဦး၊ ထီးချောင်း(၂)ဘိနယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောက်ရွက် တရားမဝင်ကျွန်းခွဲသား(၄၈)ချောင်း (၄.၀၅၀၄)တန်နှင့် တရားမဝင်ပိတောက်ခွဲသား(၅၈)ချောင်း(၃.၉၉၅၈)တန်၊ စုစုပေါင်း (၁၀၆)ချောင်း (၈.၀၄၆၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:30