လှည်းကူးမြို့နယ်အတွင်း အမြန်လမ်းတစ်လျောက် တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်

၁၁-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးေဆာင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ခလရ(၈၂)မှ ဒုအရာခံဗိုလ်အပါဝင် တပ်မတော်သား (၃)ဦးတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် နေပြည်တော်ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် 6N/3719 ၊ KIA Bongo အမျိုးအစား ကားအား မသင်္ကာသဖြင့် နောက်ယောင်ခံလိုက်ရာ အမြန်လမ်း မိုင်တိုင်အမှတ် (၂/၁)တွင် လမ်းလယ်ကျွန်းမှ တစ်ဘက်ယာဉ်ကြောအတိုင်း နောက်ပြန်ရန်ဆောင်ရွက်စဉ် လမ်းလယ်ကျွန်း မြေကျွံ၍ ဆက်လက်မောင်းနှင်၍မရသဖြင့် ယာဉ်မောင်းမှ ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါ မော်တော်ယာဉ်အား အမြန်လမ်းရဲတပ်ဖွဲ့နှင့်အတူစစ်ဆေးရာ ကား၏ ကြမ်းခင်းနှင့် အံ့ဝှက်၊ ခေါင်းမိုးအံဝှက်များထဲမှ တရားမဝင် ပျဉ်းကတိုးလျှာထိုး (၁၉၃၅)ချောင်း (၂.၅၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပိုင်ရှင်နှင့် တရားမဝင်သစ်ပိုင်ရှင်တို့အား စုံစမ်းဖော်ထုတ်ပေးနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့သို့ အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:30