ကနီမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၀-၄-၂၀၂၀)ရက်နေ့အတွင် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကနီမြို့နယ်၊ လာပို့-မင်းကင်းကားလမ်း၊ ယင်းသွင်၊ နတ်ဗူးဇွဲကျေးရွာများဝန်းကျင် တရားမဝင်သစ် စုပုံနိုင်သည့်နေရာများနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆက်စပ်ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ ထူးခြားမှုမရှိခဲ့ပါကြောင်း၊ -ဆက်လက်၍ (၁၁-၄-၂၀၂၀)ရက်နေ့တွင် သစ်ခေါက်ကျေးရွာဝန်းကျင်၊ သစ်ခေါက်ချောင်းတလျောက်တွင် တရားမဝင်သစ် များစုပုံနိုင်သည့်နေရာများနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆက်စပ်ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်းဆောင်ရွက်ရာ (၁၄:၃၀)နာရီအချိန်တွင် မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင် အမှတ်(၆၃/၀)၏ အနောက်ဘက်၊ သစ်ခေါက်လမ်းခွဲနေရာ၌
တရားမဝင်ပိတောက်သစ် (၄)လုံး (၀.၅၅၀)တန်၊ ပိတောက်တိုင် (၁)လုံး (၀.၀၈၈)တန်၊ ပိတောက်ခွဲသား (၂)ချောင်း(၀.၁၅၁၂)တန်၊ စုစုပေါင်း တရားမဝင်ပိတောက် သစ်/တိုင်/ခွဲသား (၀.၇၈၉၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသစ်များအား လာပို့သစ်တောစခန်းတွင် သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိ ရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး စီမံချက်အားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:00