တောင်ငူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် မော်တော်ယာဉ် (၁)စီးနှင့်တရားမဝင်သစ်များဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ ရက်နေ့၊ (၂၁:၃၀) အချိန်ခန့်တွင် တောင်ငူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်အမှတ်(၄) ရပ်ကွက်၊ ရွှေညာမြေလမ်း၊ နတ်စင်ရှေ့မှ တရားမဝင် ပျဉ်းကတိုး(လျှာထိုး) (၃၄၄)ချောင်း၊ (၀.၄၂၆၆) တန်အား တင်ဆောင်ထားသည့် PORTER -2 (YGN-4F/2578)အား တရားခံ(၁)ဦး(သစ်ပိုင်ရှင်/ ယာဉ်ပိုင်ရှင်/ ယာဉ်မောင်း)နှင့်အတူဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိသည့် သစ်များအား မြို့နယ် သစ်တောရုံးဝန်းအတွင်းသို့ သယ်ယူသိမ်းဆည်းထားပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင် ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Thursday, April 23, 2020 - 13:00