ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ပေါက်မြို့နယ် နယ်စပ်နေရာများတွင် တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်

၁၁-၄-၂၀၂၀ ရက်နေ့တွင် သင်္ကြန်စစ်ကြောင်းစီမံချက်အရ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်မှုဖြင့်ပေါက်မြို့နယ်၊သစ်တောဦးစီးဌာနမှမြို့/မှူးပါ သစ်တောဝန်ထမ်း(၅)ဦး၊ ကျောက်ထစ်ကျေးရွာ၊ ရာအိမ်မှူး တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ပေါက်မြို့နယ် နယ်စပ်နေရာများနှင့်ကျောကြိုးဝိုင်းအတွင်းနယ်မြေရှင်း လင်းခြင်းဆောင်ရွက်ရာ ကျောကြိုးဝိုင်း၊ အကွက်အမှတ်(၂၈)တွင် တရားမဝင်အင်ခွဲသား(၅) ချောင်း(၀.၇၉၉၈)တန်၊ ထောက်ကြံ့ခွဲသား (၁) ချောင်း(၀.၂၀၀၀)တန်နှင့်သပြေခွဲသား(၁)ချောင်း (၀.၀၆၀၀)တန် စုစုပေါင်း (၇)ချောင်း (၁.၀၅၉၈) တန်အား ဖမ်းဆီးရမိခဲ့ပါသည်။
ထို့နောက် ကျောကြိုးဝိုင်းအကွက်အမှတ်(၂၅) အတွင်း တရားမဝင်သစ်ယာခွဲသား(၂)ချောင်း (၀.၁၄၀၀)တန်၊ ထောက်ကြံ့ခွဲသား(၉) ချောင်း (၀.၉၈၀၈)တန် စုစုပေါင်း(၁၁) ချောင်း (၁.၁၂၀၈) တန် အားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

date: 
Thursday, April 23, 2020 - 14:15